
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဆိပ်ငယ်စည်ပင်သာယာဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် အသားငါးဆိုင်များ၌ ယခင်ဇူလိုင်လတွင် CPကြက်သားမှာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ခန့်ရှိပြီး ယခုသြဂုတ်လဒုတိယပတ်တွင် CPကြက်သားမှာ တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်မှ (၂၅၀၀၀)ကျပ်၊ ဈေးအနည်းငယ်တက်လာကြောင်း သိရှိရပါသည်။ ယခုသြဂုတ်လတွင် ဗမာကြက်သားမှာ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း စည်ပင်သာယာဈေးကြီးရှိ အသားငါးဆိုင်များမှ သိရှိရပါသည်။
DOCA (တနင်္သာရီ)