Main menu

မြိတ်မြို့၊ ဆန်လှေရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ဧရာဝတီတိုင်းမှ အဓိကမှာယူလျက်ရှိပြီး (၉.၈.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်မှ MV ရတနာထိန်လင်း ရေယာဥ်ဖြင့်သယ်ယူလာသော ဆန်တန် (၅၀၀)၊ အိတ်ရေ (၁၀၀၀၀)နှင့်  (၁၀.၈.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ပြည့်ဖြိုးအောင်(၉)ရေယာဥ်ဖြင့် သယ်ယူလာသော ဆန်တန် (၁၄၀)၊ အိတ်ရေ (၂၈၀၀)တို့သည် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဆန်လှေများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)