Main menu

     ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅)ဆင်းပွဲအခမ်းအနားကျင်းပ

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက လုပ်ဆောင်ရသည့် ဝန်ထမ်းများ လက်ရုံးရည်၊ နှလုံးရည် စသည့်အရည်အသွေးများ ပြည့်ဝစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅)ကို ၁၆.၇.၂၀၂၅ ရက်နေ့မှစ၍ ၇.၈.၂၀၂၅ ရက်နေ့အထိ စာတွေ့နှင့်လက်တွေ့သင်ကြားပို့ချခဲ့ပြီးဖြစ်၍  ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅)ဆင်းပွဲအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် ၈.၈.၂၀၂၅ ရက်(သောကြာနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများ၊ ဦးစီးအရာရှိများနှင့် သင်တန်းသား/သူ(၂၂)ဦး တက်ရောက် ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အဖွင့် အမှာစကားပြောကြားရာတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနသို့ ဝန်ထမ်းအသစ်များမှ ဝင်ပေါက်နှစ်ခု ဖြစ်သည့် ဦးစီးအရာရှိအဆင့်နှင့် အငယ်တန်းစာရေးအဆင့် (၂)မျိုးဖြင့် ဝင်ရောက်လာကြပါကြောင်း၊ ဦးစီးအရာရှိများအနေဖြင့် လုပ်ငန်းခွင်မဝင်ရောက်မီ  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ဖွင့်လှစ်သည့် သင်တန်းများနှင့် ရုံးချုပ်၊ နေပြည်တော်မှ ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ရသည့် အတွက် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အခက်အခဲမရှိပါကြောင်း၊ အငယ်တန်းစာရေးဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်အတွင်း ရောက်ရှိပြီးမှသာ မိမိတာဝန်ထမ်းဆောင်ရသည့်ဌာန၏ လုပ်ငန်း များကို သင်ယူရခြင်းဖြစ်သည့်အတွက် ဌာနခွဲအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို သိရှိစေရန် အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် မိမိတို့တတ်မြောက်ထားသည့် အတန်းပညာရပ်အနေဖြင့် (၂၅)% ခန့်သာအသုံးပြုနိုင်ပြီး ကျန်(၇၅)% ခန့်မှာ ပေါင်းသင်းဆက်ဆံရေး ပညာရပ်နှင့်သက်ဆိုင်ပါကြောင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှသာ လုပ်ငန်းများပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နောင်တချိန်တွင် လုပ်ငန်းတာဝန်များကို မျိုးဆက်သစ်ဝန်ထမ်းများအား  လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည့်အတွက် မျိုးဆက်သစ် ဝန်ထမ်းများအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်များ ပြည့်ဝစေချင်ပါကြောင်းနှင့် ဝန်ထမ်းများအားလုံး ဝန်ထမ်းကောင်းများဖြစ်ပါစေကြောင်း ပြောကြားခဲ့ပါသည်၊၊ ထို့နောက် သင်တန်းသား/သူများကိုယ်စား ဦးချမ်းသာ၊ အငယ်တန်းစာရေးမှ သင်တန်းတက်ရောက်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဗဟုသုတများနှင့် အတွေ့အကြုံများ  ရရှိခဲ့ပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။

DOCA (မန္တလေး)