
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီး နှင့် ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုး ထွက်ရှိသော သီးနှံများမှ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ကြီးရွက် နှင့် ကန်ဇွန်းရွက်များကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်သို့ ရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း နန္ဒဝန်ဈေးသစ်တွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၅၀)မှ (၂၀၀)ကျပ်၊ ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် (၁)စီးလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်နှင့် ဆူးပုတ်ကြီးတစ်စည်း လျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ထိ အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)