
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျဖြစ်စေရန် နှင့်ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် အခြေအနေ များကိုထည့်သွင်းစဉ်းစားကာ ဦးစားပေးကုန်စည်(၁၀)မျိုးသတ်မှတ်၍ လအလိုက်ဈေးကွက်စောင့်ကြည့့်် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအမံများအား မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူပြီးဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော သောက်ရေသန့် အမျိုးမျိုးအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စုံဆိုင်၊စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့်တားမြစ် ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍လည်း လအလိုက် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA (မန္တလေး)