
မိတ္ထီလာမြို့မဈေးကြီး၌ ဩဂုတ်လ ပထမအပတ်တွင် အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း ဆန်တစ်ပြည်လျှင် (၆၂၅၀) ကျပ်၊ ဧည့်မထဆန်တစ်ပြည် (၃၃၅၀) ကျပ်၊ ငစိန်ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ ဆီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ပဲဆီ (၁၈၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၀၀၀-၁၇၀၀၀)ကျပ်၊ ကြက်သွန်နီ အလတ်စတစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ (သစ်) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ အာလူး တစ် ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဆားတစ်ပိဿာ လျှင် (၁၆၀၀)ကျပ်၊ သကြားတစ်ပိဿာ (၆၀၀၀) ကျပ် ၊ ငရုတ်ရှည် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ၊ ငရုတ်ပုတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ CP ကြက်သားတစ်ပိဿာ လျှင် (၁၆၅၀၀)ကျပ်၊ ဒေသကြက် (ဗမာကြက်) တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ဝက်သားနှင့်ဆိတ်သားမှာ ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၄၀၀) ကျပ်၊ ဘဲဥတစ်လုံး (၅၀၀) ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ(၁၅၀၀၀)ကျပ် တို့ဖြင့် အရောင်း အဝယ် ဖြစ်လျှက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ကုလားပဲခြမ်းတစ်ပိဿာလျှင် (၂၀၀)ကျပ်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ တခြားစားဖိုဆောင်သီးနှံများမှာ ဈေးနှုန်းများတည်ငြိမ်နေ ကြောင်းသိရသည်။
DOCA (မန္တလေး)