
ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချသည့် မြေပဲလုံးဆံ ဈေးနှုန်းများမှာ မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၆၀၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၁၀)ပိဿာတစ်ပုံးလျှင်(၁၈၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် မြေပဲပတ် တစ်ပိဿာလျှင်(၄၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၁၅၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)