
ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူများသည် နှစ်ရှည်သီးနှံများ၊ စားဖိုဆောင်သီးနှံ များအပြင် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးရောင်းချလျက်ရှိရာမှ ရသီပေါ် ဆီထွက်သီးနှံဖြစ် သည့် မြေပဲတောင့်အစိုများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ ဈေးကွက်များအတွင်း၌ ရောင်းချနေသော မြေပဲတောင့်အစို ဈေးနှုန်းအနေဖြင့် မြေပဲတောင့်အစို တစ်ပြည့်လျှင်(၃၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၁၅၀၀)ကျပ် နှင့် မြေပဲတောင့်အစို အပြုတ် တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၂၅၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)