
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ဩဂုတ်လ ပထမပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် မျှစ်စိမ်း တစ်ပိဿာလျှင်(၁၀၀၀) ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ ဆက်လက်ကျဆင်းလျက်ရှိပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။
DOCA(စစ်ကိုင်း)