
မိတ္ထီလာဈေးကွက်တွင် ဩဂုတ်လ၊ပထမပတ်၌ ကြက်သွန်နီဈေးကွက်၌ နယ်ဝေးတင်ပို့မှုများ သော်လည်း ဈေးငြိမ်နေကြောင်းသိရသည်။မိတ္ထီလာမှ ဩဂုတ်လပထမပတ်၌ ပြည်တွင်းဈေးကွက်များ ဖြစ်သည့် ပဲခူး၊တောင်ကြီးမြို့များသို့ (၆)ဘီးကားဖြင့် အခြားကုန်များနှင့်ရော၍ တစ်စီးလျှင်ကုန်ချိန် ပိဿာ(၂၅၀၀)ဝန်းကျင်၊ ရန်ကုန်၊တာချီလိတ်မြို့များသို့ (၁၂)ဘီးကားဖြင့် တစ်စီးလျှင် ကုန်ချိန်ပိဿာ (၃၀၀၀-၃၅၀၀)ပိဿာဝန်းကျင်ခန့် ပုံမှန်တင်ပို့နေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း မိတ္ထီလာ၊ မလှိုင်မြို့များမှ (၁၂)ဘီးကားဖြင့် ပြည်ပတင်ပို့ရန် မိုင်းလားနှင့် မြဝတီမြို့များသို့ (၄)စီးတင်ပို့ကြောင်း တင်ပို့ရောင်းချသူများထံမှသိရသည်။နယ်ဝေးတင်ပို့မှုပုံမှန်ရှိသကဲ့သို့ ဈေးနှုန်းမှာလည်းဈေးငြိမ်နေရာ လက်ကားဈေးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဝန်းကျင်ရှိကြောင်းသိရသည်။
DOCA (မန္တလေး)