Main menu

ဈေးကွက်အတွင်း ငရုတ်သီးခြောက်ဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

     မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ထနောင်းကိုင်း၊ ဇီးဖြူကန်၊ နှောကန်ကျေးရွာများတွင်အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း၊ ထွက်ရှိသော ငရုတ်သီးကိုဒေသတွင်း သာရောင်းချကြကြောင်း၊ ငရုတ်ခြောက်(ပွ)ကို ရှမ်းပြည်နယ် ၊ အောင်ပန်းမှ ဝင်ရောက်ပြီး ဒေသတွင်းအရောင်တင်အမှုန့်ကြိတ်လုပ်ငန်းများမှအသုံးများကြောင်း သိရှိ ရပါသည်။

          ယခုဩဂုတ်လ၊ပထမပတ်တွင် ငရုတ်ခြေက်(ရှည်)တစ်ပိဿလျှင် (၁၄၀၀၀)ကျပ်၊ငရုတ်ခြေက် (ပွ)တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ယခုလနှင့်ကာလ တူနှိုင်းယှဉ်လျှင် ငရုတ်(ရှည်)ခြောက်တစ်ပိဿလျှင်(၁၀၀၀)ကျပ်၊ ငရုတ်ခြောက်(ပွ)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းအထွက် နည်းခြင်းနှင့် သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဈေးကွက်မှသိရပါသည်။

DOCA (မန္တလေး)