Main menu

သရက်မြို့၏ ရုံးပတီသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် အတွင်းရှိ ကျောက်အိုင်၊ ရွာသစ်ကျေးရွာ၊ မီးသွေးဖုတ်ကျေးရွာနှင့် ကံသာစုကျေးရွာတို့မှထွက်ရှိသည့် ရုံးပတီသီးများ သရက်မြို့နယ်၌ လူကြိုက်များလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ရုံးပတီသီး (၄)တောင့်လျှင် ကျပ် (၁၀၀)ဖြင့်ရောင်းချပြီး အတောင့်(၁၀၀)ဈေးနှုန်းမှာ ကျပ်(၂၀၀၀)ဖြင့် ရောင်းချ လျက်ရှိပါသည်။

   ရုံးပတီသီးမှာ အမြင်အာရုံနှင့်အ‌‌ရေပြားကျန်းမာရေးအတွက် အထောက်ပံ့ပေးသော ဗီတာမင် ဒီနှင့် အခြားဓါတ်တိုး ဆန့်ကျင်ပစ္စည်းများလည်း ကြွယ်ဝစွာပါဝင်ပါသည်။ ရုံးပတီသီးကို ကြော်၍သော် လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးစားသုံးကြပြီး သရေ စာအဖြစ် ရုံးပတီသီးကို‌ အကင်လုပ်၍လည်း စားသုံးကြသည်။ နေ့စဥ် ရုံးပတီသီးကို ရေနွေးစိမ်၍ သောက် ပါက ရိုးတွင်းချဥ်ဆီဓါတ် အားကောင်းလာပြီး ခါးနာသူ၊ ဒူးနာသူများ သက်သာစေပါသည်။  ရုံးပတီသီးမှာ အမျှင်ဓါတ်များစွာပါဝင်နေပြီး အသည်းရောဂါမဝင်အောင် ကာကွယ်ပေးနိုင်ပါသည်။ လူတို့အတွက် အစာအာဟာရနှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခုအချိန်အခါသည် ရုံးပတီသီးလှိုင်လှိုင်ထွက်ရှိနေပြီး အရောင်းအဝယ်ကောင်းလျက်ရှိ ကြောင်း ဈေးသည်များထံမှ သိရသည်။

DOCA(မကွေး)