
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် လယ်ယာထွက်ကုန်သီးနှံမျိုးစုံစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံ များဖြစ်သော ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ ငရုတ်သီးနှံများ စိုက်ပျိုးကြရာ ကံကြီး၊လယ်ကြီး၊သိမ်ကုန်း၊ ချောင်းဆုံ စသည့်ကျေးရွာများမှ ခရမ်းချဉ်သီးကို အများဆုံးစိုက်ပျိုးကြပါသည်။
ဈေးကွက်အတွင်း ဒေသမျိုးခရမ်းချဉ်(ဗမာ)သီးနှင့် ရှမ်းသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ရှမ်းသီးကို ရှမ်းပြည်နယ်၊အောင်ပန်းမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်အတွင်း
ဗမာသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ရှမ်းသီး(၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဗမာသီး(၁)ပိဿာလျှင် (၅၀၀)ကျပ်၊ရှမ်းသီး(၁) ပိဿာလျှင် (၅၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း၊ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း အောင်ပန်းဘက်မှအဝင်များခြင်း၊ ဒေသမှပိုမိုထွက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဈေးကွက်မှသိရသည်။
DOCA (မန္တလေး)