
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးစန်းအောင်သည် ၅ ရက်၊ ၁၀ အချိန်တွင်ရမည်းသင်းမြို့၊ဦးစိုးတိုဟူးလုပ်ငန်းအား သွားရောက်ကွင်း ဆင်းလေ့လာခဲ့ပါသည်။
ရမည်းသင်းမြို့နယ်တွင် တိုဟူးလုပ်ငန်းလုပ်ကိုင်သူ(၁၀)ဦးခန့်ရှိကြောင်း၊ တိုဟူးလုပ်ရန်အတွက် ကုန်ကြမ်းဖြစ်သော ကုလားပဲခြမ်း၊ပဲစိမ်းမှုန့်၊ဆားများကိုအသုံးပြုရကြောင်း၊ ကုလားပဲခြမ်း(၁)ပိဿလျှင် ၆၅၀၀ ကျပ်၊ပဲစိမ်းမှုန့်(၁)ပိဿာ၇၂၀၀ ကျပ်၊ဆား(၁)ပိဿာလျှင် ၁၈၀၀ ကျပ်ဖြင့်ဝယ်ယူရကြောင်း သိရှိရပါသည်။တိုဟူးပြလုပ်ရန် ပထမဦးစွာ ကုလားပဲကို(၄)နာရီခန့်ရေစိမ်ရပါမည်၊ ရေစိပ်ပြီးပဲများကို ကြိတ်ဆုံနှင့်ကြိတ်ပြီးတာနဲ့ရေနှင့်ရော၍မွှေရပါမည်၊ ပြီးတာနှင့်ရေစစ်ဖြင့်စစ်ရပါမည်၊ နာရီဝက်ခန့်ထား ပြီး အကြည်ရေသွန်ရပါမယ်၊ ထို့နောက် ပဲစိမ်းမှုန့်၊ဆားထည့်၍(၄၀)မိနစ်ခန့်ကျိုပြီးလျှင် တိုဟူးအနှစ် အဖြစ်ရရှိမှာဖြစ်ပါတယ်၊ တိုဟူးအနှစ်များကို အအေးခံပြီးတာနဲ့ စားသုံးလို့ရသည့်တိုဟူးအဆင့်အထိ ရောက်ရှိသွားမည်ဖြစ်ပါသည်။(၁)ရက်ထုတ်လုပ်နိုင်သော ကုလားပဲခြမ်း(၃၀)ပိဿာ၊ပဲစိမ်းမှုန့််(၁) ပိဿာ နှင့် ဆား(၅၀)ကျပ်သားရှိသော ကုန်ကြမ်းကိုထုတ်လုပ်လျှင် ကုန်ချော(၇၀) ပိဿာထွက်ရှိသည်ဟု သိရှိရပါသည်။
တိုဟူး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ လုပ်သား(၃)ဦးဖြင့်လုပ်ကိုင် လျက်ရှိကြောင်း၊ (၁)ရက်ကုန်ကျစရိတ်မှ (၂၅၀၀၀၀)ခန့်ကုန်ကျပြီး၊ အကျိုးအမြတ်အနေဖြင့်(၃၀၀၀၀) ခန့်ရရှိကြောင်း သိရှိရပါသည်။တိုဟူများကို ရမည်းသင်း/ပျော်ဘွယ်နှင့် တပ်ကုန်းမြို့များမှ လာရောက် ဝယ်ယူကြကြောင်း သိရှိရပါသည်။ DOCA (မန္တလေး)