Main menu

ကော့သောင်းမြို့နယ် ဆန်လှေ‌ရောက်ရှိမှု ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

Powered by Drupal

    ကော့သောင်းခရိုင် ဆန်ကုန်သည်များအသင်းသည် ကော့သောင်းခရိုင်အတွက် လိုအပ်သည့်ဆန်များကို ရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၁၆၀၀)၊ အိတ်ရေ(၃၂၀၀၀) အား MV ထိပ်ထားသခင် စက်လှေဖြင့် (၆..၂၀၂၅) ရက်နေ့တွင် ကော့သောင်းမြို့သို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။

    အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်  အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင် သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)