
မိတ္ထီလာဈေးကွက်တွင် ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ်သည့် မိုးပဲတီစိမ်းများ နေ့စဉ်မြို့ပေါ်ရှိပွဲရုံ များ၌ ပဲတီစိမ်းအိတ်(၁၀၀)မှ (၂၀၀) အထိဝင်ရောက်လျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
ယခုနှစ်ဩဂုတ်လပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင်(၉၅၀၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် နှင့်ကာလတူနှိုင်းယှဉ်လျှင် ပဲတီစိမ်းတစ်တင်းလျှင် (၅၀၀၀)ကျပ် ထိဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှ ဈေးကွက်အတွင်း အဝင်များလာခြင်းကြောင့်ဖြစ်ပြီး ဒေသတွင်း ပဲပင်ပေါက်လုပ်ငန်းများမှလည်းအဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းအပြင် မိတ္ထီလာမြို့ပေါ်ရှိသီးနှံပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့သို့တင်ပို့ ရောင်းချကြကြောင်း သိရပါသည်။
DOCA (မန္တလေး)