
မန္တလေးတိုင်းဒေကြီး ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပံသုကျီခန်းမ၌ ၂၇-၆-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။ Talk Show ဆောင်ရွက်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက် အလက်နည်းပညာနှင့် အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ ၊ ဦးစီးအရာရှိနှင့် ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မာအေး၊ ဒုတိယဦးစီးမှူးတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ Talk Show ဆောင်ရွက်ရာတွင် မြန်မာဆန်စပါး အွန်လိုင်း မှတ်ပုံတင်ခြင်းအကြောင်း၊ ဆန်တန်ချိန် ၂၅ တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံ တစ်မျိုးမျိုး ပိုင်ဆိုင်ထား သူများအနေဖြင့် (www.doca.gov.mm)တွင် မှတ်ပုံတင် လျှောက်ထားရမည် ဖြစ်ကြောင်း ၊ ဆန်စပါးသိုလှောင်ရုံ များပိုင်ဆိုင်သူများ လိုက်နာရမည့် စည်းကမ်း ချက်များအကြာင်း အစရှိသည်များကို ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိပါသည်။
DOCA (မန္တလေး)