Main menu

မအူပင်မြို့နယ်အတွင်း ရောင်းချနေသော အသင့်စားမုန့်များအား ကုန်အညွှန်းအမှတ်အသားနှင့် ထောက်ခံချက်ပါဝင် မှုရှိ-မရှိ စစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းတို့သည်  (၆-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ ပေါ်ရှိ မုန့်မျိုးစုံ အရောင်းဆိုင် (၆) ဆိုင်တွင် ရောင်းချနေသော မုန့်များတွင် စားသုံးသူ ရေးရာ ဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားနှင့် FDAဌာန၏ ထောက်ခံချက်ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

   မအူပင်မြို့နယ်ကမ်းနားလမ်းတွင် ရောင်းချနေသော မုန့်မျိုးစုံအရောင်းဆိုင်မှ ရောင်းချနေ သော မုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များပါရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)