Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် သရေသာစားစရာတို့ကို ရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်ပါသည်။ ရေဦး ပေါက်ပေါက်ဆုပ်သည် အလှူပွဲများတွင်ပြုလုပ်လေ့ရှိသည့် ရိုးရာပေါက်ပေါက်ဆုတ်နှင့်မတူပဲ လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်း ဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာစားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

     ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်လည်းကောင်း၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင်လည်းကောင်း၊ ရေဦးပေါက်ပေါက်ဆုတ် လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး (၁)ထုတ်လျှင် (၁၀၀၀)ကျပ်၊ ရေဦးထန်းလျက်ဖြူ(၁)ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)