
ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချမှု ရှိ/မရှိ ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြပါသည်။
စားအုန်းဆီအရောင်းဆိုင်များ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်နေမှု ရှိ/မရှိ နှင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချနေမှု အခြေအနေများအား စစ်ဆေးခဲ့ရာ လိုက်နာမှု ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အရေးယူဆောင်ရွက်မှုမရှိပါကြောင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှု အပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)