
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ ၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် မြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ ရောင်းချနေ သော ဘိလပ်မြေအိတ်များကို သယ်ယူစရိတ်အပါအဝင် အမြတ်(၁၀%) ထက်ပိုမိုမရောင်းချရန်နှင့် ကုန်စည်ပြတ်လပ်မှုမရှိစေရေးအတွက် သိုလှောင်ထားရှိမှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)