
ကလေးမြို့ပေါ်တွင် ရေဆယ်မုန့်ဟင်းခါးကို နံနက်စာ အစာပြေအဖြစ် အများစု ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိပြီး ရေဆယ်မုန့်ဟင်းခါးဟု နာမည်ရလျက်ပြီး မိသားစုဝင်ငွေ တစ်ဖက်တစ်လှမ်းမှ ဝင်ငွေရအောင် လုပ်ကိုင်နေသူ ရေဆယ်မုန့်ဟင်းခါးဆိုင်သို့ သွားရောက်မေးမြန်းခဲ့ပါသည်။
တမူးမြို့နယ်၏ ရေဆယ်မုန့်ဟင်းခါးဆိုင်ရှင် ဒေါ်အုန်းမှ မိမိဆိုင်သည် တစ်ရက်လျှင် ဆန် ( ၅ ) ပြည်ခန့် အသုံးပြု၍ ရေဆယ်မုန့်ဟင်းခါးပြုလုပ် ရောင်းချလျက်ရှိပါသည်။ မုန့်ဟင်းခါးဖတ် ပြုလုပ်နည်းအနေဖြင့် ဆန်တစ်ပြည်လျှင် မုန့်ဟင်းခါးဖတ် ( ၂ - ၂.၅ ) ပိဿာခန့်ထွက်ရှိပါသည်။
မိမိဆိုင်အနေဖြင့် ရေဆယ်မုန့်ဟင်းခါးဖတ်များကို ကိုယ်တိုင်ပြုလုပ်ကာ ပွဲပြင်များအဖြစ် ရိုးရိုးအသုပ် ရေဆယ် တစ်ပွဲလျှင် ( ၂၀၀၀ ) ကျပ်၊ ငါးဖယ်နှင့် ဘူးသီးကြော်ထည့်မည်ဆိုပါက ( ၃၀၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)