
ဆာဗူးသီး ချက်ပြုတ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ပြောင်းဖူးခြောက်များကို မိမိနှစ်သက် သည့် အသားနှင့် ပြောင်းဖူးများ အိစက်သွားအောင်ပြုတ်ထားပြီး မိမိစိတ်တိုင်းကျ ချို၊ ချဉ်၊ ငံ၊ စပ် အရသာအဖြစ် ရောစပ်၍စားကြပြီး ချင်းရိုးရာအစားအစာအဖြစ် စားသုံးမှုပိုများပြီး ချင်းပြည်နယ် တစ်ခုတည်းသာမကဘဲ မြေပြန့်ဒေသများနှင့် အောက်ပိုင်းဒေသများတွင်ပါ စားသုံးမှုပိုများ လာကြသည့်ဒေသအစားအစာ တစ်မျိုးဖြစ်၍ လူကြိုက်များသည့် အစားအစာတစ်မျိုး ဖြစ်ပါသည်။
ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်၏ ချိုဆိမ့်သောအရသာနှင့် အသား၏ အချိုဓါတ်တို့ဖြင့် သဘာဝ အစားအစာတစ်မျိုးဖြစ်ပြီး ဆာဗူးသီး စားသုံးရာတွင် ငရုတ်သီးထောင်းမှာ မပါမဖြစ် တွဲဖက်လျက် စားသောက်ကြပြီး အသားခြောက်ကြော်နှင့် တွဲဖက်စားသောက်လေ့ ရှိကြပါသည်။ ယခုအခါတွင် ဆာဗူးသီး တစ်ပွဲလျှင် ( ၁၅၀၀ ) ကျပ်နှင့် ဆန်ပြုတ်နှင့် အရောတစ်ပွဲလျင် ( ၁၅၀၀ ) ကျပ်၊ ပါဆယ်ရောင်းဈေးနှုန်းအနေဖြင့် တစ်ပွဲလျင် ( ၂၀၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိပါကြောင်း ဈေးကွက်အတွင်းမှ မေးမြန်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)