Main menu

ရွှေဘိုမြို့၏ ဩဇာသီးဈေးနှုန်းဈေးကွက်

Powered by Drupal

     ရွှေဘိုမြို့   ဈေးကွက်အတွင်းတွင် ဩဂုတ်လ ပထမပတ်မှစတင်၍ ဩဇာသီးများ လှိုင်လှိုင် ဝင်ရောက် လာကာ၊ ဒေသတွင်းမှ ရောင်းချသော အသီးများအပြင်၊ ပုပ္ပားမြို့နှင့် မန္တလေးမြို့ပွဲရုံများမှလည်း မှာယူရောင်းချလျက်ရှိပါသည်။

     ဩဇာသီးမှာ ကယ်လိုရီကြွယ်ဝစွာ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေ၍ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသည့်အပြင် နှလုံးကျန်းမာရေးအတွက်လည်း အ‌ထောက် အကူပြုခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများစွာရှိသည်ဟု သိရသည်။

    ဩဇာသီးများကို ခြင်းပြတ်စနစ်ဖြင့်  တစ်ဆင့်ဝယ်ယူရောင်းချရပြီး ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမပတ်တွင် ဩဇာသီးအလုံး အကြီး/ အသေးပေါ် မူတည်၍ ဩဇာသီးအကြီးတစ်လုံးလျှင် (၁၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)