
(၈.၇.၂၀၂၅)ရက်၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ လမင်းရပ်၊ ရေပုန်းကျေးရွာအုပ်စု၊ မြိတ်မြို့ရှိ Moon သောက်ရေသန့်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၂၀)လီတာနှင့် (၁)လီတာသောက်ရေသန့်များရှိ ကုန် အညွှန်းအမှတ်အသားဖော်ပြမှုအားစစ်ဆေးခဲ့ပြီး သောက်ရေသန့်ဘူးများတွင်ဖော်ပြရန် လိုအပ်သောအချက်အလက်များအား အသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များကို လိုက်နာဆောင်ရွက်ရန်နှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)