Main menu

ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)  လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကျင်းပ

Powered by Drupal

    ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေဝန်ကြီးဌာန ( ရန်ကုန်)၏ ပဉ္စမထပ် အစည်းအဝေးခန်းမတွင် ဇူလိုင်လ ၃၁ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊အမှုထမ်းများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးနေလင်းထွန်း နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှတာဝန်ရှိသူများ စုစုပေါင်း ၈၉ ဦး တက်ရောက်ခဲ့ ပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ အဖွင့် အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးနေလင်းထွန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)များနှင့်ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိစ္စရပ်များကိုရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခဲ့ကြကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)