Main menu

မြိတ်မြို့၊ သာကေတရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

      ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြိတ်မြို့၊ သာကေတရပ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ဆရာ/ဆရာမတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ၎င်းတို့ဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်း ချက်နှင့် ရည်မှန်းချက်များအကြောင်းပြောကြားခဲ့ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်နှင့် ရာသီအလိုက်ဖြစ်ပေါ်လေ့ရှိ သော ရောဂါနှင့်ဖြစ်လေ့ဖြစ်ထရှိသော ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါအသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)