Main menu

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး MSME လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

           အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က  MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ် ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင်  အမှန်တကယ် အသုံးပြုရမည် ဖြစ်ပါကြောင်း၊ စားအုန်းဆီ သည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ် လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည် သယ်ယူရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင် များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက် စားအုန်းဆီများကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်း ပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည် နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ် ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီဆောင်ရွက် နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုး တက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီး ချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင် ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက် ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေး တို့ကို ဆောင်ရွက်လျှက်ရှိပါကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ပြောကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်( ၆၃)ဦး တက်ရောက် ခဲ့ပြီး (၁၂:၀၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)