Main menu

အထက်မင်းလှမြို့၌ ကီလိုမာလကာသီးလှိုင်လှိုင်ထွက်ပေါ်၍ ဈေးနှုန်းကျဆင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးအတွင်းရှိ သစ်သီးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များရှိ သစ်သီးဆိုင်များတွင် ကီလိုမာလကာသီးများကို ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသများမှ မှာယူရောင်းချသည့်အပြင် မင်းလှမြို့ ပတ်ဝန်းကျင်ရှိကျေးရွာများတွင် စိုက်ခင်းအဖြစ်သီးသန့် စိုက်ပျိုး ကြသလို မြို့ပေါ်ရပ်ကွက်များရှိ အိမ်ခြံမြေများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

 ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကီလိုမာလကာသီး(အလုံးအကြီး၊ အသေး)အလိုက် ကျပ်(၅၀၀-၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကီလိုမာလကာသီး စတင်ထွက်ပေါ်စအချိန် ဇွန်လ(ပထမပတ်)တွင် ကျပ်(၇၀၀-၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ် ပတ်တွင် (၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ မင်းလှမြို့၌ ဇွန်လမှစတင်၍ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသဘက်မှဝင်ရောက်လာသည့် ကီလို မာလကာသီးများသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဇူလိုင်လ(စတုတ္ထပတ်)တွင် မြို့နယ်အတွင်း ကျေးရွာများမှ  စိုက်ပျိုးထွက်ရှိသည့် ကီလိုမာလကာသီးများ ဈေးကွက်အတွင်း ဝင်ရောက်မူ များလာ သည့်အတွက် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် ကျောင်းဖွင့်ရာသီဖြစ်သည့် အတွက် ကျောင်းမုန့်ဈေးတန်းဆိုင်များတွင်လည်း ကီလိုမာလကာသီးများ အရောင်းသွက်လျက်ရှိ ကြောင်း သိရှိရသည်။

DOCA(မကွေး)