
မြင်းခြံမြို့သည် ဆည်ရေသောက်ဧရိယာ အသင့်အတင့်ရှိပြီး သစ်သီးဝလံပင်များ စိုက်ပျိုးလျက်ရှိရာ ဖရဲသီးအသေးမျိုးကို ရွာသာရွာ၊ ဖရင်းကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၎င်းရွာများမှ ထွက်ရှိသည့် ဖရဲသီးများကို ဒေသတွင်းစားသုံးရန်နှင့် တောင်သာမြို့သို့လည်းတင်ပို့် ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ဖရဲသီးတစ်လုံးလျှင် ၂၀၀၀-၃၀၀၀ ကျပ် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အရွယ်အစားအကြီးအသေးနှင့် အသီးလတ်ဆတ်မှု အပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိကြောင်း၊ စားသုံးသူများပြားသဖြင့် ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ရေဓာတ်ပြည့်ဝသော ဖရဲသီးသည် ကိုယ်ခံအားကိုတိုး၍ အအေးမိတုပ်ကွေးရောဂါများသက်သာစေကြောင်း၊ အခွံတွင်ပါဝင် သော ရေဓာတ်သည် ကျောက်ကပ်ရောဂါသက်သာကြောင်း လေ့လာသိရှိရသည်။
DOCA (မန္တလေး)