
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်သည် ဆည်မြောင်းကန်ချောင်း၊ များအသင့်အတင့်ရှိပြီး ထန်းလုပ်ငန်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ရပ်ဝန်းဖြစ် မိုးငရုတ်ကို မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်း ထွက်ပေါ် လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ကာအထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ နွာထိုးကြီးမြို့နယ်တွင် မိုးငရုတ်စိုက်ဧက ပေါင်း (၅၄၉) ဧကစိုက်ပျိုး ထားရှိ ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စိုက်ပျိုးရန်ကျန် ရှိသော ဧကများဩဂုတ်လတွင် ဆက်လက် စိုက်ပျိုး ဖြစ်မည်ကြောင်း၊ မိုးငရုတ်များကို မြင်းနီရွာ၊ လက်ဝဲရွာ၊ ရွာကြီးရွာ၊ ဝက်လူးရွာနှင့် နနွင်းတော်ဘိုးရွာ များတွင် အဓိကစိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငရုတ်သီး ခြောက် တစ်ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိပွဲရုံများနှင့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြောင်းသိရှိရသည်။
Doca(မန္တလေး)