စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၀၉: ၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်တပင်မြို့နယ်ရှိ၊ မင်းထက်မင်းဆိပ်ကမ်းနှင့် အလုံမြို့နယ်ရှိ Asia World ဆိပ်ကမ်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ပို့ကုန်လုပ်ငန်းဆိုင်ရာ သက်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီကိုက်ညီမှုရှိစေရေး အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ စနစ်တကျစစ်ဆေးဆောင်ရွက်ရန်၊ ကုန်ပစ္စည်များအား အချိန်ကြန့်ကြာမှုမရှိစေဘဲ သင်္ဘောတင်နိုင်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်ပစ္စည်းအမျိုးအစား အရေအတွက်မှန်ကန်စေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးတို့အား အလေးပေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
DOCA