Main menu

ဆီးကျောက်တည်ခြင်းကိုသက်သာစောင်းလျားသီးဈေးနှုန်

Powered by Drupal

     စောင်းလျားသီးမှာပါတဲ့အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်းက အဆိပ်အတောက်တွေ ကို နည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကိုလျော့ချပေးနိုင်ကြောင်း၊ အထူးသဖြင့် အရေပြားရောင်ရမ်း လူနာတွေ စားသုံးပေးသင့်ကြောင်း၊  ဗီတာမင်စီများစွာ ပါဝင်၍ ကော်လဂျင် ထုတ်လုပ်ပေးကြောင်း၊ ကြွက်သားတစ်သျူးတွေထဲတွင် သွေးလှည့်ပတ်ခြင်းကို ကောင်းစေကြောင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောင်ရမ်းမူများကိုလျော့ကျစေကြောင်း၊ သွေးတိုးကိုထိန်းညှိကာ နှလုံးကျန်းမာရေးကို အထောက် အကူပြုကြောင်း၊ နို့တိုက်မိခင်များအတွက် နို့ပိုထွက်ဖို့အထောက်အကူပြုကြောင်း၊ အမျှင်နှင့်အာဟာရ ဓာတ်များစွာပါဝင်ကြောင်း၊ ခန္ဓာကိုယ်ရဲ့အစာခြေဖျက်မှုကိုအားပေးကာ ဝိတ်ကျစေကြောင်း၊ ဗီတာမင်စီ ပါဝင်မှုများပြီး ပုံမှန်စားရင် ကိုယ်ခံအားကောင်းကြောင်း၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် သွေးတိုးကို ကာကွယ်ပေးကြောင်း၊ စောင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါဝင်တာမို့ ပုံမှန်စားရင်လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေကြောင်း၊ အသည်းအဆီဖုံးရောဂါနှင့် ဆီးချိုသမားတွေ ဆီးချိုတက်နေရင် နေ့စဉ်တစ်လုံးပုံမှန်စားသင့်ကြောင်း၊ စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေကြောင်း၊ ဗီတာမင်အေကြွယ်၀စွာပါ၀င်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေကြောင်း၊ စောင်းလျားသီးကိုဖျော်ရည်(သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့်ချက်စားပါက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့်သည်းခြေအိတ်တို့တွင် ကျောက်တည်ခြင်းတို့ကို သက်သာပျောက် ကင်းကြောင်း၊ စောင်းလျားသီးကို စားပေးခြင်းဖြင့် ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးကြောင်း၊ အသီးမှည့်ကို စားပေးခြင်းကလည်း ဝမ်းချုပ်ရောဂါ၊ ရေငတ်ရောဂါများကို ပျောက်ကင်းစေကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် မြင်းခြံမြို့၊စံပြဈေးတွင်ရောင်းချနေသော စောင်းလျားသီး တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀)ကျပ်ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းကျေးရွာများမှ နေအိမ်ခြံစည်းရိုးများနှင့် မြေလွတ်များတွင် စိုက်ပျိုးထားရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးကြ၍ အချဉ်ပေါင်းထုတ်လုပ်သူများက အများဆုံးဝယ်ယူကြောင်း၊ စောင်းလျားသီးစိုက်ပျိုးခြင်းဖြင့် တစ်နိုင်    တစ်ပိုင် ဝင်ငွေရရှိကြောင်း သိရှိရသည်။

          Doca(မန္တလေး)