Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀း၇၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)