
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မအူပင်မြို့နယ်အတွင်း တပိုင်တနိုင်ထုတ်ကုန်ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များ အား တွေ့ဆုံပြီး ဦးစီးဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေး အတွက် လစဉ်ကွင်းဆင်း စစ်ဆေး အသိပညာပေးလျက် ရှိရာ (၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉၃၀)နာရီအချိန် တွင် အမှတ်(၁၀)ရပ်ကွက်ရှိ နီလာပေါင်မုန့် ထုတ်လုပ်ဖြန့်ဖြူရောင်းချ သည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အချက်အလက် အကြောင်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ မုန့်ထုတ်လုပ်ရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ ပေါင်မုန့်ဖြစ်၍ သက်တမ်းကုန်ရက်စွဲကို မဖြစ်အနေထည့်သွင်းဖော်ပြရန်တို့ကို မှာကြားပြီး၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)