
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း စက်သုံးဆီရောင်းချဖြန့်ဖြူးသော စက်သုံးဆီဆိုင် (၁၆)ဆိုင်ရှိပြီး သတ်မှတ်ဈေးနှုန်းများနှင့် အညီရောင်းချနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ခုနှစ် ဩဂုတ်လ (၄) ရက်နေ့ စက်သုံးဆီဝေးနှုန်းအနေဖြင့် အောက်တိန်း ၉၂ တစ်လီတာ (၂၉၅၀)ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ (၃၀၁၀)ကျပ်၊ ဒီဇယ်တစ်လီတာ (၂၇၈၅)ကျပ်၊ ပရီမီယံ တစ်လီတာ (၃၄၃၀)ကျပ် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဖြစ်သည်။
(၂၈-၇-၂၀၂၅) နေ့ဈေး မှာ အောက်တိန်း ၉၂ တစ်လီတာ (၃၀၀၅)ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ (၃၀၆၀)ကျပ်၊ ဒီဇယ်တစ်လီတာ (၂၇၈၀)ကျပ်၊ ပရီမီယံ တစ်လီတာ (၃၄၂၅)ကျပ် ဈေးနှုန်းဖြစ်၍ ဈေးကျလာသည်။ မအူပင်ခရိုင်အတွင်း ရောင်းချနေသော စက်သုံးဆီဆိုင်များ သတ်မှတ်ချက်များနှင့် အညီရောင်းချရန်နှင့် သိူလှောင်ဖြန့်ဖြူး လက်ကျန်အခြေအနေများကို ဆီဆိုင်တာဝန်ခံများနှင့် ချိတ်ဆက်၍ စနစ်တကျရောင်းချနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိန်ရေး ဆီပြတ်လပ်မှု မရှိစေရေးကို ကြပ်မတ်ဆောင်ရွ က်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)