Main menu

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ်တင်ပြလျက်ရှိရာ ဩဂုတ်လ(၅)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သိရှိရသည်။

   ထိုသို့ စာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးထွန်းထွန်းနှင့် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဈေးတာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒေါ်မာမာစိုး ကုန်စုံဆိုင်၊ ဒေါ်ရီရီသန်း ကုန်စုံဆိုင်နှင့် ဒေါ်ထက်ထက်နိုင် ကုန်စုံဆိုင်များမှ အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီ ဆိုဒ်စုံတစ်ပိဿာလျှင် (၁၈၀၀မှ ၂၂၀၀)ကျပ်၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၁၃၀၀၀မှ ၁၄၀၀၀)ကျပ်၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၈၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင် (၅၅၀၀မှ ၆၀၀၀)ကျပ် အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

    ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် ငရုတ်တောင့်အရှည်နှင့် အာလူးတို့မှာ ယခုတစ်ပတ်ထက် အနည်းငယ်ဈေးမြင့်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ငရုတ်တောင့်ရှည် နှင့် အာလူးတို့မှာ မိုးတွင်းကာလဖြစ်၍ ထားသိုရာတွင်လည်းကောင်း၊ သယ်ယူရာတွင်လည်းကောင်း စိုထိုင်းဆများသဖြင့် ပျက်စီးမျုများရှိ၍ ဈေးမြင့်ရခြင်းဖြစ်ကြောင်း ရောင်းချသူလုပ်ငန်းရှင်များ၏ ဖြေကြားမှုအရ သိရှိရပါသည်။

DOCA (ရန်ကုန်)