Main menu

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသော ဆန်ဆိုင်များ သို့ ကွင်းဆင်းစစ်ဆေးရန် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဩဂုတ် လ(၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးတွင် ရောင်းချသော ကိုရန်ကုန်သား (ဆန်နှင့်ဆန်ထွက် ပစ္စည်းရောင်းဝယ်ရေး)၊ ကိုနိုင်ထွန်း+မရီမြင့် ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ မဝင်းဝင်းရွှေ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များနှင့် ကံကြီးမကျီးရပ်ကွက်တွင် ရောင်းချသော ကိုသုခ ဆန်ရောင်းဝယ်ရေးနှင့် ဆင်မင်းဆန်ဆိုင်များတွင် ရောင်းချသော ဆန်များ ဖြစ်သည့် ငစိန်(ထွန်းပု) ဧည့်မထ (ရက်၉၀)၊ တောင်ပျံ၊ ပုသိမ်ညွှန့်၊ ကြားပျံ ဆန်ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက မိမိတို့ဌာနအနေဖြင့် ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ရည်ညွှန်း ဈေးများကို လစဉ်သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ဆန်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုလုပ်ကြရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန်၊ ရောင်းချသူလုပ် ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)