Main menu

“ ခရမ်းမြို့နယ်ရှိ(၁၂)ရပ်ကွက်၊ ချဉ်ပေါင်ခြံ၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ (၁၂)ရပ်ကွက်၊ ချဉ်ပေါင်ခြံ၊ အခြေခံ မူလတန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

     ထိုဟောပြောပွဲတွင် ခရမ်းမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှုအခြေအနေများ ဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပါယ်ဖော်ပြချက်များအား ရှင်းလင်းဟောပြောခြင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအား အသိပညာပေးခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူသုံးစွဲကြရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်လည်း ပြေစာအထောက် အထားများရယူထားကြရန်နှင့် နစ်နာမှုများရှိလာလျှင် စားသုံးသူရေးရာဦးစီးဌာန၏ Call Center No.1535 သို့ ဖုန်းခေါ်ဆို၍ ဆက်သွယ်တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်းနှင့် စားသုံးသူရေးရာဦး စီးဌာနသည် စားသုံးသူများ၏ နစ်နာမှုများကို တိုင်ကြားလာလျှင် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေးခဲ့ပြီး မိမိတို့ရရှိသွားသော အသိပညာများလည်း အခြားသူများအား ပြန်လည်မျှဝေ အသိပေးရန် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)