Main menu

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြက်ဘဲဈေးဒိုင် ဈေးကွက်အခြေအနေ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန် တောင်လမ်းနှင့်သံသုမာလမ်းထောင့်ရှိ ကြက်ဘဲဈေးဒိုင်၏ ၆.၈.၂၀၂၅ ရက်နေ့တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်များရှိ ကြက်/ ဘဲဝင်ရောက်မှုများမှာ ယနေ့ရန်ကုန်တိုင်းအတွင်းရှိ ကြက်ခြံအသီးသီးမှာ ကြက်ကားစီးရေ (၂၇) စီး ၊ ဧရာဝတီတိုင်းမှ ကြက်ကားစီးရေ (၁၈)စီး ၊ ပဲခူးတိုင်းဒေသကြီးမှ ကြက်ကားစီး‌ရေ (၂၀)စီး ၊ စုစုပေါင်းကြက်ကားစီးရေ(၆၅)စီး အဝင်အထွက်ရောင်းချလျက်ရှိကြောင်းသိရှိရပြီး မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိကြက်/ဘဲဈေးဒိုင်သို့ စုစုပေါင်းကြက်ကား (၄၅)စီး အဝင်/အထွက် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ဩဂုတ်လ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့် အကောင်ပြတ် တစ်ပိဿာ ဈေးနှုန်းမှာ ဗမာကြက် (၁၉၀၀၀ မှ ၂၈၅၀၀)ကျပ်၊ ကြက်နီ (မွေးထီး/မွေးမ) (၁၂၅၀၀/၁၉၀၀၀) ကျပ်တို့ရှိပါသည်။ စီပီအသားတိုးကြက်မှာ တစ်ပိဿာ (၁၂၈၀၀/၁၂၈၀၀)ကျပ်နှင့် ချယ်ရီ/ဘယ်ရီ ဘဲတစ်ပိဿာ (၁၅၀၀၀/၁၇၀၀၀)ကျပ်၊ ဓာတ်ဘဲ တစ်ပိဿာ (၆၀၀၀/၉၀၀၀) ကျပ်တို့ရှိကြောင်း သိရှိရပြီး အထူးသဖြင့် စီပီအသားတိုးကြက်မှာ အများဆုံးရောင်းချရကြောင်း တစ်ရက်လျှင် ပိဿာ (၅၆၂၀၀)ခန့်နှင့်ကြက်နီ (မွေးထီး/မ )များမှာ တစ်နေ့လျှင် ပိဿာ (၁၂၇၄၀)ခန့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)