Main menu

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊စျေးကွက်ဆိုင်ရာအခြေအနေများကိုကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

Powered by Drupal

   ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူး‌ ဒေါ်ချိုချိုလွင်နှင့်ဝန်ထမ်း(၂)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်အင်ကြင်းမွှေး (ကြီး/ ရေး)၊ ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)၊ ‌ဒေါ်နီနီတိုး (စာရင်းကိုင်-၃)တို့သည်  အလုံမြို့နယ် ၊ ဆင်မင်းဈေးတာဝန်ခံ ဒေါ်ယဉ်ယဉ်ကြည်နှင့် တာဝန်ရှိသူများပူးပေါင်းပြီး ၆.၈.၂၀၂၅ ရက်နေ့၊နံနက် (၀၉:၀၀)အချိန်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ လက်အောက်ရှိအထက်ဌာနများသို့တင်ပြလျက်ရှိသည့် ဆင်မင်းဈေး အတွင်းရှိ အခြေခံစားသောက်ကုန်များ၏ဈေးနှုန်း (လက်လီ)ရောင်းချနေသည့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်းဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် စားဖိုဆောင်သုံးပစ္စည်းများမှာ ကြက်သွန်နီ၊ ကြက်သွန်  ဖြူ ၊ ငရုတ်ရှည်၊ငရုတ်ပု၊အာလူး၊ သကြား၊ ကုလားပဲ စသည့်တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် ဈေးနှုန်းအခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည် များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)