Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရာသီစာ အင်ဥ(ခေါ်)မှိုစေ့ ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ သဘာဝအရပေါက်ရောက်သည့် အင်ဥ(ခေါ်)မှိုစေ့ကိုလည်း လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသော အင်ဥ(ခေါ်) မှိုစေ့ ဈေးနှုန်းများမှာ  အင်ဥ(ခေါ်)မှိုစေ့ တစ်ပြည်လျှင်(၂၄၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၁၂၀၀၀) ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)