Main menu

မုံရွာမြို့ပေါ်တွင် ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော “ရွှေသရဖူ၊ သိန်းဇဗ္ဗူအောင်၊ စိန်ဇဗ္ဗူအောင် အရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအပြင် ဘိလပ်မြေများလည်း ရောင်းချလျက်ရှိပါသည်။ ရောင်းချလျက်ရှိသော ဘိလပ်မြေ အမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ Crowနှင့် အပါချီ ဘိလပ်မြေများ ရောင်းချလျက်ရှိပါသည်။ ဘိလပ်မြေ ဈေးနှုန်း ဈေးကွက်အနေဖြင့် ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီးမှ  ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ် လ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၄၀၀၀) ကျပ် ၊ Crow တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ အပါချီတစ်အိတ်လျှင် (၂၄၅၀၀) ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း မုံရွာမြို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)