
ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှ ပုဇွန်ထုတ်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။
ယခု ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော ပုဇွန်ထုတ် ဈေးနှုန်းများမှာ ပုဇွန်ထုတ် လက္ကားဈေး (၁)ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ လက်လီဈေး(၁)ပိဿာလျှင်(၆၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၃၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၆၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး ပုဇွန်ထုတ်များ သည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့် ဆိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)