Main menu

ကန့်ဘလူမြို့နယ်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောင်သူများအနေဖြင့် ဆန်စပါးအပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး စားဖိုဆောင်သီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးပင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူးဆွတ် ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

     ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး ပျိုးသက် (၁)လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၄-၅)ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် စေရန်ရေသွင်းပေးရကြောင်း လိုအပ်တဲ့အချိန်တွင် အာမိုမြေဩဇာ၊ အပင်အားတိုးဆေးနှင့် ပိုးသတ် ဆေးများဖျန်းပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး တွင် ခရမ်းသီး(၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင်  (၁၅၀၀မှ ၂၀၀၀) ကျပ်တို့ဖြင့်ရောင်းချရပြီး မိသားစုဝင်ငွေရရှိနေကြောင်း၊ တစ်နိုင်တစ်ပိုင် ခရမ်းအပင်စိုက်ပျိုးထားသည့်  ဦးလှအောင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)