Main menu

ဇူလိုင်နောက်ဆုံးပတ်၏ဆောင်းကြက်သွန်နီဈေးနှုန်းဈေးကွက်

Powered by Drupal

      မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ တောပု၊ နနွင်းတော်ဘိုး၊ကံဆွယ်၊ ကံဆင့်၊ လက်ဝဲနှင့် မြင်းနီကျေးရွာတို့သည် ဆောင်းကြက်သွန်နီများကို စီးပွားဖြစ်စိုက်ပျိုးကြ ကြောင်း၊  ၎င်းကျေးရွာမှ ထွက်ရှိသော ဆောင်းကြက်သွန်နီများသည် အရည်အသွေးကောင်ပြီး၊ သိုလှောင်ခံ၍  ပထမတန်းစား ကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းလည်းရရှိကြောင်း၊ ဆောင်းကြက်သွန်နီ များကို ဧပြီလမှ စက်တင်ဘာလ အထိသိုလှောင်ကြပြီး၊ သိုလှောင်ကာလ (၆)လ ကြာသိုလှောင် နိုင်ကြောင်းသိရှိရသည်။

            မြင်းခြံမြို့ရှိ ပွဲရုံများတွင် ၂၀၂၅ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်၌ ကြက်သွန်နီ ကြီးစတစ်ပိဿာလျှင်(၁၂၀၀-၁၃၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၉၀၀-၁၁၀၀)ကျပ်ခန့် ၊အသေးစတစ်ပိဿာလျှင် (၅၀၀-၇၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း၊ ယခင်ဇွန်လနောက်ဆုံးပတ်တွင် ရောင်းချနေသော ဈေးနှုန်း များအတိုင်း ပြောင်းလဲမှု မရှိကြောင်း၊ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ စိုက်ပျိုးထွက်ရှိရာ ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့  နေ့စဉ်ကုန်ချိန် (၆၀၀၀၀-၈၀၀၀၀) ပိဿာခန့် တောင်သူများ ကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များသို့ အပတ်စဉ်ကုန်ချိန် (၂၀၀၀၀၀) ပိဿာခန့်၊ တန်ချိန် (၃၂၆)တန် တင်ပို့ ကြောင်း၊ မြင်းခြံကံဆင့်ကြက်သွန်နီသည် အရည်အသွေးကောင်းပြီး၊ သိုလှောင်ခံသောကြောင့် ဝယ်လက်များကြိုက်နှစ်သက်ကြောင်း၊ ရန်ကုန်ဘုရင့်နောင် ဈေးကွက် တွင် အမြင့်ဈေးရရှိကြောင်း ကြက်သွန်အရောင်းအဝယ် လုပ်ကိုင်သူ ကုန်သည်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

    DOCA (မန္တလေး)