Main menu

မြင်းခြံဒေသ၏မြစ်ငါးဈေးနှုန်းဈေးကွက်

Powered by Drupal

     မြစ်ငါးများသည် လူကြိုက်များသော သဘာဝရေချိုငါးများဖြစ်ကြောင်း၊ မြင်းခြံမြို့၊ လေးအိမ်တန်းအုပ်စု၊ လှိုင်းတက်ရွာ၊ အင်ကြင်းပင်ကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိပြီး တံငါလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းများ ပြုကြောင်း၊  ရေလုပ်သားများသည် မြစ်မှရရှိသော ငါးများကို   မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် လာရောက် ရောင်းချ ကြောင်း၊ မြစ်ငါးများသည် သဘာဝငါး များဖြစ်သောကြောင့် အရသာမှာ ထူးကဲချိုမြပြီး  မွေးမြူရေး ငါးများထက် ဈေးကောင်း ရရှိကြောင်း၊ ၂၀၂၅ခုနှစ်ဇူလိုင်လ စတုတ္ထပတ်တွင်ငါးဖမ်းမ ၂၅ကျပ်သား လျှင် (၃၀၀၀) ကျပ်၊ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ငါးလူး၂၅ကျပ်သား လျှင်(၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၁၀၀၀) ကျပ်၊ တိလားဘီးရားငါး ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာ လျှင် (၉၅၀၀) ကျပ်၊ ငါးဇင်ရိုင်း အဖြူကြီး၂၅ ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၉၀၀၀)၊ မြစ်ငါးခူ (၂၅) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်၊  မြစ်ပုစွန် (၂၅) ကျပ်သားလျှင် (၁၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၇၀၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ မြစ်ငါးများသည် သဘာဝရေချိုငါးများ ဖြစ်သောကြောင့် ဈေးကွက်တွင် လူကြိုက်များ၍ အရောင်း အဝယ် သွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ရေကျ ချိန်ဖြစ်သောကြောင်း ငါးများဈေးကွက်တွင် ပေါများစွာရောင်းချကြောင်း ငါးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရသိရသည်။

DOCA(မန္တလေး)