Main menu

ဓနုဖြူမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က ရပ်ကွက်လက်လီရောင်းချနေ သော မုန့်မျိုးစုံဆိုင် (၇)တိုင်အား  စစ်ဆေးဆောင်ရွက်ခဲ့သည်။

    အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုး က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တား မြစ်ထား သည့် မုန့်များရောင်းချခြင်း ရှိ၊ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ် စေနိုင်သော မုန့်များရောင်းချနေမှု ရှိ၊ မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)