
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများကိုစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်း နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးကြပါသည်။
စိုက်ပျိုးသီးနှံများအနက်မှ ဆေးဖက်ဝင် ဟင်းချက်စားသုံးရသော ရုံးပတီသီးသီးနှံကို မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ တစ်ဧက ဝက်စိုက်ပျိုးပြီး မျိုးစေ့(၂၀)ထုပ်စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၆၅၀၀၀)ကျပ်ပေးရကြောင်း၊ အပင်ရေ ၂၅၀၀၀ ပင်စိုက်ပျိုးထာကြောင်း သိရသည်။ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်၍ခူးဆွတ်ရပါသည်။ ခူးဆွတ်မှုအနေဖြင့် တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ပေးရပါသည်။ ရုံပတီထွက်ရှိမှု သက်တမ်းအနေဖြင့် (၃)လထိခူးဆွတ်ရကြောင်း၊ ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ဖောက်သည်ဈေးမှာ ၁ ပိဿာလျှင် (၈၀၀)ကျပ်ဈေးနှုန်းရရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ရုံးပတီတစ်ပင်လျှင် အတောင့် ၈၀ခန့်ထွက်ရှိပြီး အထွက်နှုန်းအနေဖြင့် ပိဿာချိန် အနေဖြင့် (၃၀၀၀) ခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၂နှစ်အတွင်း(၉)သိန်းကျပ်ခန့်မြတ်ပြီး ဈေးနှုန်းအတက်အကျပေါ်တွင်လည်းမူတည်သည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ကို့သော ကုန်စိမ်းကားများ တစ်ရက်ခြား တစ်ခါ ဟင်းသီးဟင်းရွက်လာကောက်ပြီး ရန်ကုန်ဈေးကွက်တင်ပို့ရောင်းချသလို မြို့နယ်အနီးဒေသများသို့လည်း ရောင်းချသည်။ ရုံးပတီသီးသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် စားသုံးသူအတွက် ဆေးဖက်ဝင်သည့်သီးနှံဖြစ်သည့်အတွက် ဟင်းစားရုံးပတီသီးသီးနှံအား တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA (ဧရာဝတီ)