Main menu

ဖျာပုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ မြို့မဈေးကြီးအတွင်း ရောင်းချနေသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့ နံနက် (၉ : ၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါကွင်းစစ်ဆေးရာတွင် အများပြည်သူများ ဝယ်ယူစားသုံးနေသော ဆန်၊ ဆီ ၊ ငရုတ်၊ ကြက်သွန်၊ အာလူးဈေးနှုန်း/ ဈေးကွက် အခြေအနေနှင့် ဆန်/ဆီများကို သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအလိုက် ဧည့်မထ တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ပေါ်ဆန်း တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ စားအုန်းဆီများကို သတ်မှတ်ရက်စွဲအလိုက် ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချနေမှုအခြေအနေများကို လိုက်လံစစ်ဆေးခဲ့ပြီး ဆန်/ဆီအရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာဌာနမှထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)